Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 93 — Surah Al-Anam 6:93
အမှန်စင်စစ်၊ လိမ်လည်လှည့်စားမှုများကို မဟုတ်မတရား ကြံဖန်လီဆယ်၍ အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချသည့်သူထက် သို့မဟုတ် သူ့အပေါ် မည်သည့် အရှင့်ဝဟီအမိန့်တော်မျှ ထုတ်ပြန်ခြင်းမခံရဘဲ ကျွန်ုပ် အပေါ် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချပါ၏။ လိမ်လည်ပြောဆိုသူထက် ပိုမို၍ မတရားစည်းမျဉ်းချိုးဖောက်လျက် မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ထိုသူသည် မကြာမီ အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များပမာ ငါလည်းချမှတ်ပေးအပ်လိမ့်မည်ဟု ပြောဆိုမည့်သူပင် ဖြစ်၏။ သို့သော် အကယ်၍ ထိုစည်းမျဉ်းချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်ကြသူတို့အား ကွယ်လွန်ချိန် သေခြင်းတရား၏ ဝေဒနာများကို မချိမဆံ့ခံစားနေသည့်အခြေအနေတွင် တွေ့မြင်ခဲ့လျှင် မလာအီကာစေတမန်များသည် သူတို့၏ လက်များကို ဆွဲဆန့်၍ “သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များကို လောကီတာဝန်များမှ အနားပေးရန် ထွက်လာကြ။” ဟု ပြောဆိုကြမည်ကို တွေ့ရလိမ့်မည်။ ထိုနေ့သည် သူတို့လောကီဘဝတွင် အမှန်တရားသစ္စာ မဟုတ်သော သူတို့၏လိမ်ညာမှုများကို အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချ ပြောဆိုခဲ့ကြခြင်းကြောင့်လည်း ကောင်း၊ သင်တို့သည် မာနထောင်လွှားကြသူများပီပီ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်ပြေး ကြသောကြောင့်လည်းကောင်း၊ အကျိုးဆက်အဖြစ် ယုတ်ညံ့သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားရလိမ့်မည်။