Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 94 — Surah Al-Anam 6:94
(လောကီတာဝန်ဝတ္တရားများမှ အနားပေးခံရပြီးနောက်) မုချဧကန်၊ သင်တို့သည် သင်တို့အား ပထမအကြိမ် ဖြစ်တည်ဖွားမြင်စေတော်မူသကဲ့သို့ပင် သင်တို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူထားသည့်အရာ အားလုံးကို သင်တို့၏နောက်ကျောဘက်တွင် စွန့်ပစ်ထား၍ (အဝတ်စအဖြူဝတ်ပေးခြင်းခံရလျက်) ငါအရှင်မြတ် ထံတော်သို့ တစ်ကိုယ်တော် လာရောက်ရလိမ့်မည်။ ထိုစဉ် လောကီဘဝ၌ သင်တို့ဘဝအတွက် ကြားဝင်အသနား ခံပေးမည်ဟု ကြွေးကြော်၍ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ ကိုးကွယ်ခဲ့ကြသော သင်တို့၏ ထိုကိုးကွယ်ရာများ (သင်တို့နှင့်အတူ) အလျှင်း ရှိမည်မဟုတ်ကြောင်းကို ငါအရှင်မြတ်က မုချပင် တွေ့မြင်တော်မူ၏။ အမှန်စင်စစ်၊ သင်တို့က (သင်တို့၏ထိုကိုးကွယ်ရာများထံမှ အကူအညီ အကျိုးအမြတ်ရလိမ့်မည်ဟု (အားကိုးတကြီးမျှော် လင့်တောင့်တ၍) ကြွေးကြော်ခဲ့သမျှကို လက်လွှတ်ဆုံးရှုံးရပြီး သင်တို့နှင့်သူတို့ကြားရှိ ဆက်နွယ်မှု သံယောဇဉ် အားလုံးလည်း အပြီးသတ် ပြတ်တောက်သွားလိမ့်မည် ဖြစ်၏။