Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 95 — Surah Al-Anam 6:95
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့သစ်စေ့များနှင့်အစေ့အဆံများကို (အရှင့်နိယာမတော်အတိုင်း) အက်ကွဲစေတော်မူ (၍ အညှောက်အတက်ထွက်စေတော်မူ) သော အရှင်မြတ် ဖြစ်တော်မူ၏။ သက်မဲ့ (အစေ့အဆံနှင့်သုက်ရည်တို့) မှ (အရှင့်နိယာမတော်နှင့်အညီ) သက်ရှိကို ဖြစ်တည်ပေါ်ထွက်စေတော်မူပြီး ထိုသက်ရှိမှ (စွမ်းရည်စွမ်းပကားများကို ဆုတ်ယုတ်ပျက်စီးစေတော်မူလျက်) သက်မဲ့အဖြစ်သို့ ရောက်စေတော်မူ၏။ အလ္လာဟ် အရှင်မြတ်သည် အရှင့်စည်းမျဉ်းနိယာမတော်များနှင့်အညီ ထိုသို့ဖြစ်ပေါ်စေတော်မူသည်ကို သင်တို့သိမြင်ကြပါ လျက် ထိုအမှန်တရားများကို ကျောခိုင်း လှည့်ပြန်၍ အခြားမှားယွင်းသည့် အတွေးအခေါ် အယူအဆများဖြင့် မည်သို့ လှည့်စားခံကြသနည်း။