Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 96 — Surah Al-Anam 6:96

ထိုအရှင်မြတ်သည် နံနက်မိုးသောက်ချိန်၏ဖြာထွက်မှုကို (လုပ်ငန်းဆောင်တာတို့အား တာဝန် ယူဆောင်ရွက်နိုင်ရန် နားနေရာဌာနများမှ ထွက်ခါ၍ လှုပ်ရှား) ဖြစ်တည်စေတော်မူပြီး ညအချိန်ကို နားနေချိန်ဖြစ်စေတော်မူ၏။ ထို့ပြင် နေနှင့်လတို့ကို နေ့ရက်အချိန်ကာလများ တိုင်းတာတွက်ချက်မှု “စံ” အဖြစ် ပြုပေးတော်မူ၏။ ထိုသို့ ဖြစ်စေတော်မူခြင်းသည်ကား တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏လိုအပ်ချက် များနှင့်ရှိသင့်ရှိထိုက်သော အရည်အသွေးတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ်၏စည်းမျဉ်းနိယာမတော်နှင့်အညီ သတ်မှတ်ပြဋ္ဌာန်းခြင်းပင် ဖြစ်၏။