Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 98 — Surah Al-Anam 6:98
ထိုအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ သင်တို့ကို တစ်ခုတည်းသောနဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) မှ (တွေးခေါ်ဆင်ခြင်ပြီး လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိသော လူသားအဖြစ် သို့) ဖွံ့ဖြိုးစေတော်မူသောကြောင့် သင်တို့သည် (မိခင်၏ဝမ်းကြာတိုက်မှသည် တမလွန်ဘဝအထိ) အရှင်မြတ်က သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် အချိန်ကာလအလိုက် ရှင်သန်နေထိုင်ခွင့်ရလျက် (တမလွန်ဘဝသည် သင်တို့၏) နားနေရာဌာနစခန်း ဖြစ်၏။ (ဤသို့ပင်) နက်နဲသိမ်မွေ့သော နားလည်နိုင်စွမ်းကို ရှာဖွေဆည်းပူးကြသည့် လူမျိုးတို့အတွက် အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ် ရှင်းလင်းတင်ပြ စေတော်မူခဲ့ပြီ။