Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 99 — Surah Al-Anam 6:99

ထိုအရှင်မြတ်သည် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူသောကြောင့် ထိုရေအားဖြင့် ခပ်သိမ်းကုန်သော ပျိုးပင်ပေါက်ပင်များကို ပေါက်ပွားဖြစ်ထွန်းစေတော်မူ၍ ငါအရှင်မြတ်သည်ပင် ထိုမြေကြီးထဲတွင် မြှုပ်နှံထားသည့် အစေ့အဆံများမှ စိန်းလန်းစိုပြေသော သစ်ပင်ပန်းပင်များနှင့်ယင်းတို့မှ အကိုင်းအလက် အပြွတ်အခိုင်များ ထူထပ်စွာဖြင့် ကောက်ပံသီးနှံအမျိုးမျိုးကို ပေါက်ပွားဖြစ်ထွန်းစေတော်မူ၏။ ထို့ပြင် စွန်ပလွံပင်များ တွင် ယင်း၏ဝတ်ဆံများမှ လဲကျစေတော်မူလျက် စွန်ပလွံသီးအခိုင်များကို အလှိုင်လှိုင် သီးစေတော်မူ၏။ ထို့ပြင် ဥယျာဉ်ခြံများမှလည်း စပျစ်သီး၊ သံလွင်သီးနှင့်သလဲသီးများကို တူညီသော အရောင်၊ အနံ့၊ အရသာနဲ့ မတူကွဲပြားသော အရောင်၊ အနံ့၊ အရသာအမျိုးမျိုးဖြင့် ဖြစ်ထွန်းစေတော်မူ၏။ ထိုသစ်သီးဝလံမျိုးစုံတို့အား ယင်းတို့မှည့်၍ ကြွေကျမည့်အချိန်တွင် ခူးယူစားသုံးနိုင်ရန်အလို့ငှာ ဥယျာဉ်ခြံများသို့ သွားရောက်၍ ရယူသည့်အခါ၌ (ထိုသစ်သီးဝလံမျိုးစုံ၌ရှိသော ဒီဇိုင်းကာလာအမျိုးမျိုး ဖွဲ့စည်းဖြစ်တည်မှု အသွယ်သွယ်နှင့်အရောင်၊ အနံ့၊ အရသာအစုံစုံ တို့အပေါ်) စူးစမ်းလေ့လာ၍ တွေးမြင်သုံးသပ်ကြလော့။ မုချဧကန်၊ ထိုသို့ သစ်သီးဝလံများဖြစ်ထွန်းစေတော်မူ ခြင်း၌ လေးနက်စွာနှင့်ဖြူစင်စွာဖြင့် ယုံကြည်ကြသော လူမျိုးတို့အတွက် အရှင့်အာယသ်သက်သေလက္ခဏာတော်များ မုချပင် ရှိနေ၏။