Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 60 - Al-Mumtahanah
Translation by Alin U Yin — Permalink
Verse 11 — Surah Al-Mumtahanah 60:11
သို့ရာတွင် အကယ်၍ သင်တို့၏အမျိုးသမီးများအနက်မှ တစ်စုံတစ်ယောက်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့ထံသို့ အပြီးအပိုင်စွန့်ခွာသွား၍ သူမနှင့်အတူ သင်တို့၏ပိုင်ဆိုင်မှု တစ်စုံ တစ်ခုပါသွားခဲ့သော် သင်တို့အလှည့် ရောက်လာသည့်အခါ အလားတူ သူတို့က သူမတို့အတွက် သုံးစွဲခဲ့သမျှမှ သူတို့၏အမျိုးသမီးများနှင့်အတူပါလာခဲ့လျှင် (ယင်းမှ တွက်ချက်နုတ်ယူ၍ ပိုသည်ကို ပြန်) ပေးကြလော့။ ထို့ပြင် အသင်တို့ သက်ဝင်ယုံကြည်ကြသော အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။