Back to Languages

Burmese - Chapter 60 - Al-Mumtahanah

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Mumtahanah 60:12

အို၊ နဗီတမန်တော်၊ သက်ဝင်ယုံကြည်သူ အမျိုးသမီးများသည် အသင့်ထံလာရောက်၍ “သူမတို့သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ် (၍ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ခိုးဝှက်မည်မဟုတ်ကြောင်း၊ မည်သည့်တရားမဝင် (ကာမ) ကျူးလွန်မှုမျှ လုပ်ကြမည်မဟုတ်ကြောင်း၊ သူမတို့၏သားသမီးရတနာများအား (သူတို့ဘဝသေသွားအောင်လုပ်လျက်) သတ်ဖြတ်ကြမည်မဟုတ်ကြောင်း၊ သူမတို့၏လက်များနှင့်ခြေများ၏အကြား၌ (လက်ချက်၊ ခြေချက်ဖြင့်) သူတစ်ပါးအား အသရေပျက်အောင် ကြံစည်ဖန်တီး၍ ပြောဆိုခြင်းတွင် အရသာတွေ့မွေ့လျော်မည် မဟုတ်ကြောင်း၊ တရားတော်နှင့်အညီး မှန်ကန်မျှတစွာနှင့်စည်းစနစ်တကျ သွန်သင်သော အသင် (တမန်တော်) မည်သည့် တိုက် တွန်းညွှန်ကြားချက်ကိုမျှ မနာခံဘဲအာခံဖီဆန်ကြမည်မဟုတ်ကြောင်း ကတိသစ္စာဆိုခဲ့ကြလေ၏။ သို့ဖြစ်ပေရာ အသင်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ သူမတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပန်ကြားလော့။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။