Back to Languages

Burmese - Chapter 60 - Al-Mumtahanah

Translation by Alin U Yin — Permalink

Verse 3 — Surah Al-Mumtahanah 60:3

သင်တို့၏ဆွေမျိုးအရင်းအချာများသည်လည်းကောင်း၊ သင်တို့၏သားသမီးရတနာများသည်လည်းကောင်း၊ သင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည့် ရှင်ပြန်ထမည့်နေ့တွင် သင်တို့အား အလျှင်း အကျိုးပြုကြလိမ့်မည် မဟုတ်ပေ။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုမူကျင့်ကြံသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။