Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 60 - Al-Mumtahanah
Translation by Alin U Yin — Permalink
Verse 4 — Surah Al-Mumtahanah 60:4
ဧကန်ပင်၊ သင်တို့အတွက် (တမန်တော်) အီဗ်ရာဟီးမ်၌လည်းကောင်း၊ သူနှင့်အတူရှိခဲ့ကြသောသူ့နောက်လိုက်တို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိပေ၏။ သူတို့က သူတို့၏လူမျိုးတို့ အား “ကျွန်ုပ်တို့သည် သင်တို့အနက်မှ (မယုံကြည်သူများ) အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသော သက်ရှိသက်မဲ့တို့ကို ကိုးကွယ်ရာများအဖြစ် ယုံကြည်ကိုးကွယ်ကြသူများနှင့်ထိုကိုးကွယ်ရာများမှ လုံးဝ ကင်းလွတ်၍ မည်သို့မျှ မပတ်သက်ပေ။ ကျွန်ုပ်တို့သည် သင်တို့ (ရုပ်ပွားဆင်းတုကိုးကွယ်ခြင်း) အား မယုံကြည်ငြင်းပယ် ကြပြီး သင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့ နှင့်သင်တို့၏အကြား၌ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ ဖြစ်၏။ သို့ရာတွင် (တမန်တော်) အစ်ဗ်ရာဟီးမ်က သူ့ဖခမည်းတော်အား မုချဧကန်၊ ကျွန်ုပ်သည် အရှင့်ထံ သင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။” ဟု ပြောခဲ့ခြင်းမှအပ အလ္လာဟ်အရှင်မြတ်ထံတော်မှ သင်တို့အတွက် မည်သည့် တစ်စုံတစ်ရာကိုမျှပင် (အရှင့်ဆန္ဒတော်နှင့်ဆန့်ကျင်၍ တောင်းခံပန် ကြားရန်) အခွင့်အာဏာပိုင်ဆိုင်ခြင်းမရှိချေ။ အို၊ ကျွန်တော် မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အသင်အရှင်မြတ်အပေါ်၌ သာလျှင် ယုံကြည်ကိုးစား၍ လွှဲအပ်ကြပါ၏။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်အရှင်မြတ်ဘက်သို့သာလျှင် (စိတ်ရင်းစေတနာဖြူစင်စွာနှင့် နစ်မြုပ်မှုအပြည့်ဖြင့်) ဦးတည်လှည့်ကြပြီး ကျွန်ုပ်တို့နောက်ဆုံးပန်းတိုင် ပြန်လည်ရာဌာနစခန်းမှာလည်း အသင်အရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။