Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 60 - Al-Mumtahanah
Translation by Alin U Yin — Permalink
Verse 6 — Surah Al-Mumtahanah 60:6
ဧကန်မလွဲ၊ သင်တို့အတွက်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့် (တမလွန်တရားစီရင်မည့်) နောက်ဆုံးနေ့ကို မျှော်ကိုးသူတိုင်းအတွက်လည်းကောင်း၊ (တမန်တော်အီဗ်ရာဟီးမ်နှသ့်သူ့သားစဥ်မြေးဆက်နောက်လိုက်များဖြစ်ကြသော) သူတို့၌ မွန်မြတ်လှစွာသော အကောင်းဆုံး စံနမူနာသည် ရှိနေ၏။ သို့ရာတွင် မည်သူမဆို (အရှင်မြတ်၏လမ်းစဥ်တော်မှ) မျက်နှာလွှဲ၍ ကျောခိုင်းသွားသည်ရှိသော် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ရှိသမျှဓနစည်းစိမ်နှင့်တန်ဖိုးအလုံးစုံကို ဖြစ်စေတော်မူလျက် လိုလားတောင့်တမှုနှင့်မှီခိုအားထားမှု ကင်းမဲ့တော်မူသောအရှင်) ပကတိ ကုံလုံပြည့်စုံတော်မူသောအရှင်၊ ကျေးဇူးတင်မှုနှင့်ချီးမွမ်းမှု အလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။