Back to Languages

Burmese - Chapter 60 - Al-Mumtahanah

Translation by Alin U Yin — Permalink

Verse 8 — Surah Al-Mumtahanah 60:8

အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး) နှင့်စပ်လျဉ်း၍ သင်တို့ကို ကျူးကျော် တိုက်ခိုက်ခြင်း မရှိသူများနှင့်လည်းကောင်း၊ သင်တို့ကို သင်တို့၏နေမြေအိုးအိမ်များမှ နှင်ထုတ်ခြင်း မပြုကြသူများနှင့်လည်းကောင်း၊ တရားမျှတစွာနှင့်အကြင်နာတရားဖြင့် ပြုမူဆက်ဆံခြင်းမှ တားမြစ်တော်မူသည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် (တရားတော်နှင့်အညီ) မျှမျှတတ ပြုမူဆောင်ရွက်သူတို့အား နှစ်သက်တော်မူ၏။