Back to Languages

Burmese - Chapter 60 - Al-Mumtahanah

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Mumtahanah 60:9

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား သင်တို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) နှင့်စပ်လျဉ်း၍ သင်တို့ကို ကျူးကျော်တိုက် ခိုက်ခဲ့သူများနှင့်လည်းကောင်း၊ သင်တို့ကို သင်တို့၏ နေမြေအိုးအိမ်များမှ နှင်ထုတ်ခဲ့ကြသူများနှင့်လည်းကောင်း၊ နှင်ထုတ်ရာ၌ ပါဝင်သူတို့နှင့်ယုံကြည်စိတ်ချရသောမိတ်ဆွေ၊ မဟာမိတ်များဖွဲ့လျက် ထိုသို့နှင်ထုတ်ခြင်း အားပေးထောက်ခံသူများနှင့်လည်းကောင်း၊ (သင်တို့၏အတွင်းရေးအား ထုတ်ဖော်သည်အထိ ခင်မင်ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်းမပြုကြရန်သာ) တားမြစ်တော်မူ၏။ စင်စစ်သော်ကား မည်သူမဆို (ထိုသို့သော အစ္စလာမ့် ရန်သူတို့အား) ယုံကြည်စိတ်ချရသောမိတ်ဆွေမဟာမိတ်များအဖြစ် ပြုလုပ်သည်ရှိသော် ထိုသူတို့သည် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများပင် ဖြစ်ကြ၏။