Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 61 - As-Saf
Translation by Alin U Yin — Permalink
Verse 11 — Surah As-Saf 61:11
(ထိုသို့ ကယ်တင်စေတော်မူလိုလျှင်) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်း၊ ရုန်းကန်ကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် ထိုသို့ပြုကျင့်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။