Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 61 - As-Saf
Translation by Alin U Yin — Permalink
Verse 14 — Surah As-Saf 61:14
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မရ်ယမ်၏သားတော် တမန်တော်အီစာက ဟဝါရီတို့အား “အလ္လာဟ်အရှင်မြတ် (၏ ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော လမ်းစဉ်တော်) အတွက် မည်သူက ကျွန်ုပ်အား ကူညီသူ ဖြစ်လိုသနည်း။” ဟု မေးမြန်းသော် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသော သူ၏နောက်လိုက်သာဝကများ ဖြစ်ကြသည့် ဟဝါရီတို့ကဲ့သို့ပင် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြလော့။ ထို့နောက် အစ္စရေးမျိုးနွယ်ဝင် တို့အနက် အုပ်စုတစ်စုသည် ယုံကြည်လာခဲ့ကြ၍ နောက်အုပ်စုတစ်စုမှာမူကား မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်လာသောသူတို့အား သူတို့၏ရန်သူများနှင့်ဆန့် ကျင်၍ ကူညီစောင်မတော်မူခဲ့သောကြောင့် ယုံကြည်တို့သည် အသာစီးရကြလျက် လွှမ်းမိုးအောင်နိုင်သူများ ဖြစ်လာကြလေ၏။