Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 61 - As-Saf
Translation by Alin U Yin — Permalink
Verse 5 — Surah As-Saf 61:5
ထို့ပြင် (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ဧကန်မုချပင်၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင် ရစူလ်တမန်တော်ဖြစ် ကြောင်း၊ သင်တို့ သိနေကြပါလျက် အဘယ့်ကြောင့် ကျွန်ုပ်အား (စော်ကားလျက် ထိခိုက်နစ်နာအောင်လုပ်၍) ဒုက္ခပေးနေကြသနည်း။” ဟု ပြောကြားခဲ့စဥ်ကိုလည်းကောင်း၊ (အရှင်မြတ်က တမန်တော်မူဆာအား) ထိုသို့ဖြင့် သူတို့သည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော တရားလမ်းမှန်မှ ကွေးကောက်) လွဲချော်၍ လမ်းမှား ရောက်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးသားကို လွဲချော်မှောက်မှားစေတော်မူခဲ့ကြောင်း (ကို သတိရကြလော့)။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။