Back to Languages

Burmese - Chapter 61 - As-Saf

Translation by Alin U Yin — Permalink

Verse 6 — Surah As-Saf 61:6

ထို့ပြင် မရ်ယမ်၏သားတော် နဗီတမန်တော်အီဆာက (သူ့လူမျိုးတို့အား) “အို၊ အစ္စရေးမျိုးနွယ်ဝင်အ ပေါင်းတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်သည် ကျွန်ုပ်အလျင်ချမှတ်ပေးအပ်တော်မူ၍ သင်တို့လက်ဝယ်တွင်ရှိနေသော အရာ (တောင်ရာတ်ကျမ်းတော်၌ ပါရှိသည့်အမှန်တရားများကို မှန်ကန်ကြောင်း ထပ်လောင်း) အတည်ပြုသူ အဖြစ်လည်းကောင်း၊ ကျွန်ုပ်၏နောက်တွင်အဟ်မဒ် (အလွန်ချီးမွမ်းထိုက်သော အမှုတော်ဆောင်) ဟူသော အမည်နာမဖြင့် ပွင့်စေတော်မူမည့်ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်၏။” ဟု ဟောပြောလျက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါရှိသည့် ရှင်းလင်း ချက်နှင့်အတူ သူတို့ထံသို့ ရောက်ရှိခဲ့စဥ် သူတို့က “ဤသည် ထင်ရှားသော မော်ပယောဂအတတ်ပင် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြလေ၏။