Back to Languages

Burmese - Chapter 65 - At-Talaq

Translation by Alin U Yin — Permalink

Verse 1 — Surah At-Talaq 65:1

အို၊ နဗီတမန်တော်၊ (လူသားတို့အား ဟောပြောလော့)။ သင်တို့သည် အမျိုးသမီးများအား ကွာရှင်းပြတ်စဲမှု ဖြစ်စဥ်အတွက် ရန်ရည်ရွယ်သောအခါ (တရားတော်နှင့်အညီ နှစ်ဖက်သော အုပ်ထိန်းသူအသိုင်းအဝိုင်းများ၏ညှိနှိုင်းဆောင်ရွက်မှု မအောင်မြင်မှသာ) ကွာရှင်းပြတ်စဲ၍ သူမအတွက် သတ်မှတ်ထား​တော်မူသည့် စောင့်ဆိုင်းကာလ (ကို စတင်ရေတွက်၍ ပြဌာန်းတော်မူသည့်ကာလ သုံးလနှင့်တစ်ဆယ့်သုံးရက်စေ့သည်အထိ) သတ်မှတ်ကာလကို အတိအကျ တွက်ချက်ရေတွက်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူသည့် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ထို ကွာရှင်းပြတ်စဲလိုက်သည့် သင်တို့၏ဘဝဖော်များဖြစ်ကြသော) သူမတို့အား သူမတို့က မကြားဝံ့မနာသာစရာ မသင့်တော်သော မကောင်းမှု၊ စရိုက်ဆိုးကို အထင်အရှား မကျူးလွန်မချင်း (ထိုစောင့်ဆိုင်းကာလအတွင်) သူမတို့နေထိုင်ရာ အိမ်များမှ နှင်ထုတ်ခြင်း မပြုကြလေနှင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ (အတည်ပြုသတ်မှတ်ပြ ဌာန်းတော်မူသော) စည်းဘောင်များပင် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏စည်းဘောင်များကို ကျူးလွန် ချိုးဖောက်သော် ထိုသူသည် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဥ်းတော်များကို ချုးဖောက်ကျူးလွန်လျက် မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံခဲ့ပြီ ဖြစ်၏။ ထို (ကွာရှင်းမှုဖြစ်စဥ်) နောက်တွင် အလ္လာဟ်အရှင်မြတ်က စီမံချက်အမိန့်တော်ဆိုင်ရာအကြောင်း ကိစ္စတစ်စုံတစ်ခု ဖြစ်ပေါ်စေတော်မူကောင်းမူနိုင်ကြောင်း သင်တို့ သိကြသည် မဟုတ်ပေ။