Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 65 - At-Talaq
Translation by Alin U Yin — Permalink
Verse 11 — Surah At-Talaq 65:11
သက်ဝင်ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား (အမှန်တရားသစ္စာမှ လွဲချော်စေမည့် အတွေးအခေါ် အယူအဆများနှင့်လမ်းစဉ်များပါဝင်သည့်) အမှောင်ထုဟူ သမျှမှသည် (အစစ အရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံ တည်တံ့စေမည့်) အလင်းတော်သို့ ခေါ်ထုတ်တော် မူရန်အလို့ငှာ ရစူလ်တမန်တော် တစ်ပါးအား (စေလွှတ်တော်မူလျက်) သင်တို့၏ရှေ့ဝယ် အမှန်တရားကို ထင်ရှား ရှင်းလင်းစေသော အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအား ဖတ်ကြားသွန်သင် စေတော်မူ၏။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ဖြောင့်မှတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်လျှင် ထိုအရှင်မြတ်သည် သူ့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ထိုထဲတွင် အမြဲထာဝစဉ် နေထိုင်စံစားကြသူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား အကောင်းမြတ်ဆုံး ရိက္ခာအထောက် များကို ချီးမြှင့်တော်မူမည်။