Back to Languages

Burmese - Chapter 65 - At-Talaq

Translation by Alin U Yin — Permalink

Verse 2 — Surah At-Talaq 65:2

တစ်ဖန် (ကွာရှင်းမှုဖြစ်စဉ်အပြီး) အမျိုးသမီးများ၏စောင့်ဆိုင်းကာလ ပြီးဆုံးသည့်အခါ သူတို့အချင်း ချင်းကြားဝယ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူလက်ခံ၍ သူမတို့ (၏ယခင်ထိမ်းမြားခြင်း) အား ဆက်လက်ထိန်းသိမ်းသည်ဖြစ်စေ၊ သို့တည်းမဟုတ် တရားတော်နှင့်အညီ မျှတကောင်းမွန်သည့် ဆုံးဖြတ်ချက်များဖြင့် နှစ်ဦးသဘောတူ လက်ခံ၍ ခွဲခွာလိုကြသည်ဖြစ်စေ၊ သူတို့အနက်မှ တရားမျှတသော သစ္စာသမာဓိရှင် သက်သေနှစ်ဦးကို သတ်မှတ်၍ အလ္လာဟ်အရှင်မြတ် (ပြဌာန်းတော်မူသည့် စည်းဘောင်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှု) အတွက် သက်သေခံချက်ကို အခိုင်အမာ (ရေးမှတ်၍ မှတ်တမ်းတင်မှုကို) ဆောက်တည်ကြလော့။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ယုံကြည်သူဖြစ်လျှင် ထိုသူသည် ထိုနည်းအတိုင်းပင် ဆောင်ရွက်ရန် ကျမ်းတော်အားဖြင့် သွန်သင်ထားတော်မူခဲ့ပြီး ဖြစ်၏။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့် စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာ ဖြင့် လိုက်နာကျင့်သုံး) လျှင် ထိုအရှင်မြတ်သည် သူ့အတွက် (အခက်အခဲဟူသမျှကို ပြေလည်စေမည့်) နည်းလမ်းထွက်ပေါက်များ ဖြစ်ပေါ်စေတော်မူမည်။