Back to Languages

Burmese - Chapter 65 - At-Talaq

Translation by Alin U Yin — Permalink

Verse 3 — Surah At-Talaq 65:3

ထို့ပြင် ထိုအရှင်မြတ်သည် ထိုသူအား မထင်မှတ်မမျှော်မှန်းထားသောနေရာမှ ရိက္ခာအထောက်အပံ့ကို ချီးမြှင့်ပေးအပ်တော်မူမည် ဖြစ်၏။ တစ်ဖန် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်အားထား၍ အပ်နှံလျှင် ထိုအရှင်မြတ်သည်ပင် (သူ၏လိုအပ်ချက်များ ဖြည့်ဆည်းစေတော်မူမည် ဖြစ်သောကြောင့်) သူ့အတွက် လုံလောက်တော်မူ၏။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူ့စီမံချက်အရေးကိစ္စကို (ရည်မှန်း ချက်ပန်းတိုင်ရောက်သည်အထိ) ပြီးမြောက်စေတော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ စင်စစ်ဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အတွက် စည်းမျဉ်းနိယာမတော်များနှင့်အညီ ဖြစ်စေတော်မူပြီးဖြစ်၍ ဩဇာလွှမ်းမိုးတော်မူလျက် စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။