Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 65 - At-Talaq
Translation by Alin U Yin — Permalink
Verse 6 — Surah At-Talaq 65:6
သင်တို့သည် ထို (ကွာရှင်းပြတ်စဲဖြစ်စဥ်အပြီး စောင့်ဆိုင်းကာလတွင်ရှိနေသော) အမျိုးသမီးများအား သင်တို့နေထိုင်ရာနေအိမ်၌ပင် သင်တို၏ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေပေါ်မူတည်၍ (မျှတစွာဖြင့် ဆက်လက်နေထိုင်နိုင်ရန်) နေရာထိုင်ခင်းပေး၍ နေရာချထားပေးကြလော့။ ထို့အပြင် သင်တို့သည် သူမတို့အပေါ်၌ စည်းကမ်းသတ်မှတ်ချက်များဖြင့် ကျပ်တည်းစေလျက် သူမတို့အား စိတ်ဒုက္ခရောက်အောင် မလုပ်ကြလေနှင့်။ ထို့ပြင် အကယ်၍ ထိုအမျိုးသမီးများသည် ကိုယ်ဝန်ရှိသူများ ဖြစ်ကြလျှင် သင်တို့သည် သူမတို့ကို သူမတို့၏ကိုယ်ဝန်ကို မီးဖွားကြသည်အထိ (စရိတ်စကများနှင့်အထောက်အပံ့များအတွက်) ပေးကမ်း သုံးစွဲကြလော့။ တစ်ဖန် အကယ်၍ သူမတို့သည် သင်တို့အကျိုးငှာ (သင်တို့၏ကလေးကို) နို့ချိုတိုက်ကျွေး ကြ လျှင် သင်တို့သည် သူမတို့အား (ထိုအတွက်) သူမတို့ရသင့်ရထိုက်သောအကျိုးခံစားခွင့် (အခကြေးငွေ) များကို ပေးဆပ်ကြလော့။ ထို့ပြင် သင်တို့သည် (ထိုနို့ချိုတိုက်ကျွေးခြင်းနှင့်စပ်လျဥ်း၍) အချင်းချင်းကြား ညှိနှိုင်းတိုင် ပင်လျက် (ကောင်းမြတ်သောအစဥ်အလာ၊) တရားတော်နှင့်အညီ မျှတသင့်လျော်စွာ ဆောင်ရွက်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်းကြား သဘောတူညီမှုမရဘဲ မပြေမလည် ဖြစ်ကြလျှင် အခြား အမျိုးသမီးတစ်ဦးကို ထို (ကလေး) အတွက် (ကလေး၏ဖခင်ဘက်မှ တာဝန်ယူ၍) နို့ထိန်းသည်အဖြစ် ခန့်ထားစေလော့။