Back to Languages

Burmese - Chapter 65 - At-Talaq

Translation by Alin U Yin — Permalink

Verse 7 — Surah At-Talaq 65:7

ဝင်ငွေနှင့်ထောက်ပံ့နိုင်သော နည်းလမ်းအခြေအနေ ပြည့်စုံလုံလောက်သူဖြစ်လျှင် ယင်း (ကြွယ်ဝမှု) နှင့်လျော်ညီစွာ ပေးကမ်းသုံးစွဲရပေမည်။ သို့ရာတွင် စီးပွားဥစ္စာပိုင်ဆိုင်မှုအကန့်အသတ်ဖြင့်သာ ပေးအပ်တော်မူခြင်းခံရ၍ ကျပ်တည်းနေသူဖြစ်ပါက သူ့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသမျှ အနက်မှ (အတတ်နိုင်ဆုံးကို) ပေးကမ်းသုံးစွဲရပေမည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင် သော စိတ်ဝိဉာဉ်) ကိုမျှ ယင်းကိုချီးမြှင့်ပေးအပ်တော်မူသည်နှင့်အညီမှအပ (မနိုင်သောတာဝန်) ဝန်ထုပ်ကို ထမ်းဆောင်စေတော်မူသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ခက်ခဲကျပ်တည်းမှု၏နောက်တွင် မကြာမီပင် လွယ်ကူချောင်လည်မှုကို ဖြစ်ပေါ်စေတော်မူမည်။