Back to Languages

Burmese - Chapter 65 - At-Talaq

Translation by Alin U Yin — Permalink

Verse 8 — Surah At-Talaq 65:8

စင်စစ်သော်ကား မည်ရွေ့မည်မျှ မြောက်မြားစွာသော မြို့ရွာဒေသများ (ရှိပြည်သူတို့) သည် ယင်း (ပြည် သူတို့) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင်၊ ရစူလ်တမန်တော်များ၏အမိန့်များမှ မာန်မာနထောင်လွှားလျက် အာခံဖီဆန်၍ ကျောခိုင်းကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (ပြည်သူတို့) အား ပြင်းထန်သော (ကပ်ဘေးဆိုက်ရောက်စေလျက် ပြတ်သားသည့်) စာရင်းရှင်းခြင်းဖြင့် အရေးယူတော်မူသည့်အပြင် ယင်း (ပြည်သူတို့) အား ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ်မျိုးဖြင့် ပြစ်ဒဏ်ခတ်တော်မူခဲ့၏။