Back to Languages

Burmese - Chapter 66 - At-Tahrim

Translation by Alin U Yin — Permalink

Verse 10 — Surah At-Tahrim 66:10

အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်ကြကုန်သောသူ) တို့အတွက် (တမန်တော်) နူးဟ်၏အမျိုးသမီးနှင့် (တမန်တော်) လူးသ်၏အမျိုးသမီးတို့အား ဥပမာအဖြစ် ခိုင်းနှိုင်းမိန့်ကြားတော်မူ၏။ ထိုအမျိုးသမီးနှစ်ဦးသည်ကား ငါအရှင်မြတ်၏အစေခံအမှုတော်ဆောင်များအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ခဲ့ကြသည့် အရှင့်အစေခံအမှုတော်ဆောင်နှစ်ဦး၏လက်အောက်တွင် ရှိခဲ့ကြလေ၏။ သို့တစေလည်း ထိုအမျိုးသမီးနှစ်ဦးသည် (အရှင်မြတ်၏အမိန့်တော်များကို ငြင်း ပယ်၍ မယုံကြည်သူတို့နှင့်ပူးပေါင်းလျက် အမှန်တရားနှင့်ဆန့်ကျင်၍) သစ္စာဖောက်ခဲ့ကြသောကြောင့် ထိုအရှင့် အမှုတော်ဆောင်နှစ်ဦးသည်ပင် အလ္လာဟ်အရှင်မြတ် (၏ပြစ်ဒဏ်) မှ (သူမတို့အား ကယ်ဆယ်ရန်) အနည်း ငယ်စိုးစဉ်းမျှ အကျိုးမပြုနိုင်ခဲ့ကြပေ။ ထို့ပြင် သူမတို့နှစ်ဦးသည်လည်း (ငရဲဘုံထဲသို့) ဝင်ရောက်ကြသူတို့နှင့်အတူ ဝင်ရောက်ကြစေရန် အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရလေ၏။