Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 66 - At-Tahrim
Translation by Alin U Yin — Permalink
Verse 11 — Surah At-Tahrim 66:11
ထိုနည်းတူစွာ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ကြသောသူတို့အတွက် ဖာရိုမင်း၏ကြင်ရာ အမျိုးသမီးကို ဥပမာအဖြစ် ခိုင်းနှိုင်းမိန့်ကြားတော်မူ၏။ ထိုအမျိုးသမီးက “အို၊ ကျွန်တော်မျိုးမအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အသင်အရှင်မြတ်ထံတော်ပါး၌ (ရှိသော) သုခဥယျာဥ်တွင် ကျွန်တော်မျိုးမအတွက် အိမ်ဗိမာန်တစ်လုံးကို ဆောက်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးမအား ဖာရိုမင်းနှင့်သူ၏အကျင့်အမူတို့မှ လွတ်မြောက်စေတော်မူပါ။ ထိုမျှမက အရှင်မြတ်သည်ပင် ကျွန်တော်မျိုးမအား အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျုးတို့မှလည်း လွတ်မြောက်ကယ်တင်စေတော်မူပါ။” ဟု လျှောက်ထားပန်ကြားလေ၏။