Back to Languages

Burmese - Chapter 66 - At-Tahrim

Translation by Alin U Yin — Permalink

Verse 3 — Surah At-Tahrim 66:3

နဗီတမန်တော်မြတ်သည် ကိုယ်တော်၏ဘဝဖော်ကြင်ရာတော်တစ်ပါးအား အတွင်းစကားပြောပြခဲ့ရာ ထိုကြင်ရာတော်က (အခြားကြင်ရာတော်အား ထုတ်ဖော်လျက်) ပေါက်ကြားစေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းအကြောင်းကို နဗီတမန်တော်မြတ်အား အသိပေးတော်မူသောအခါ တမန်တော်မြတ်သည် (ထိုကြင်ရာ တော်အား) ယင်းစကားအချို့ကို ပြောပြ၍ အချို့ကိုမူ မပြောဘဲလွတ်ထားခဲ့စဥ် (ထိုကြင်ရာတော်က) “ဤသတင်း ကို အသင့်အား မည်သူပြောပြသနည်း” ဟု မေးမြန်းခဲ့ရာ တမန်တော်မြတ်က “ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်၊ ခပ်သိမ်းကုန်တို့၏ သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သတင်းရတော်မူလျက် သိနေတော်မူသောအရှင်မြတ်က ကျွန်ုပ်အား အသိပေးတော်မူခဲ့သည်ဟု ဖြေကြားခဲ့လေ၏။