Back to Languages

Burmese - Chapter 66 - At-Tahrim

Translation by Alin U Yin — Permalink

Verse 6 — Surah At-Tahrim 66:6

အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် ယင်း၏လောင်စာမှာ လူသားများနှင့်ကျောက်တုံးများသာဖြစ်၍ ယင်းအပေါ်၌ သူတို့အား တာဝန်ပေးထားသော အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်များကို အမိန့်တော်ပေးတော်မူသည့်အတိုင်း တသွေမတိမ်း နာခံပြုလုပ်ကြရုံသာမက မည်သည့်အခါမျှ အာခံဖီဆန်မည် မဟုတ်သော ညှာတာမှုကင်းမဲ့ကာ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသည့် မလာအီကာကောင်းကင်စေတမန်များလည်း စောင့်ကြပ်နေမည့်ငရဲမီးမှ သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုလည်းကောင်း၊ သင်တို့၏မိသားစုအသိုင်းအဝိုင်းများကိုလည်းကောင်း၊ သတိလက်လွတ်မဖြစ်စေဘဲ ကာကွယ်၊ ကယ်ဆယ်ကြလော့။