Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 66 - At-Tahrim
Translation by Alin U Yin — Permalink
Verse 8 — Surah At-Tahrim 66:8
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ လမ်းစဥ်တော်) ဘက်တော်သို့ (ယခင်ကအမှားများအတွက် ဝန်ချတောင်းပန်လျက် စိတ်ရင်းစေတနာဖြူစင်စွာနှင့်ပြုပြင်ပြောင်းလဲလိုစိတ် အပြည့်ရှိစေသော) လုံးလုံးလျားလျား ပြန်လှည့်ခြင်းမျိုးဖြင့် ဦးတည်လှည့်ကြလော့။ တောင်းပန်ကြလော့။ (သို့ပြုလုပ်ခြင်းအားဖြင့်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သင်တို့၏အမှားအယွင်များနှင့်ပြစ်မှုများကို သင်တို့ထံမှ ဖုံးကွယ်ဖယ်ရှားကောင်း ဖယ်ရှားပပျောက်စေ တော်မူနိုင်သည့်အပြင် သင်တို့အား အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ် များထဲသို့ ဝင်ရောက်ခွင့်ပေးတော်မူနိုင်၏။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်အားလည်းကောင်း၊ တမန်တော်မြတ်နှင့်အတူရှိကြသော သက်ဝင်ယုံကြည်သူနောက်လိုက်တို့အားလည်းကောင်း၊ အကျိုးယုတ်အရှက်ရစေတော်မူမည် မဟုတ်ပေ။ ထိုစဥ် အလင်းရောင်သည် သူတို့၏ရှေ့၌လည်းကောင်း၊ သူတို့ ၏လယ်ယာဘက်များ၌လည်းကောင်း၊ ပြေးလျက်ရှိနေမည်ဖြစ်ပြီး သူတို့ကလည်း “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အတွက် ကျွန်ုပ် တို့၏အလင်းရောင်ကို ပြီးပြည့်စုံအောင် ဖြစ်စေတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ၊ အသင်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။