Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 67 - Al-Mulk
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Mulk 67:1
ထိုအရှင်မြတ်သည် (စကြဝဠာလောကခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး အရှင့်စည်းမျဥ်းနိယာမတော်များဖြင့် ထိန်းချုပ်ထားတော်မူလျက် ယင်းတို့၏) အချုပ်အခြာအာဏာသည် ထိုအရှင်မြတ်၏ (ချုပ်ကိုင်မှု) လက်တော်ဝယ်ရှိနေသောကြောင့် ဂုဏ်တော်၊ ကျက်သရေ၊ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။