Back to Languages

Burmese - Chapter 67 - Al-Mulk

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Mulk 67:15

ထိုအရှင်မြတ်သည်ပင် သင်တို့အကျိုးငှာ မြေကမ္ဘာကို (ယဉ်ပါးစေ၍ ကျိုးနွံသော သတ္တဝါများပမာ) ခယဝပ်တွားသောလက်အောက်ခံများအဖြစ် ဖြစ်စေတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (ယင်းမြေကမ္ဘာ၏ မြေမျက်နှာပြင်ပေါ်ရှိ) သွားလာရာလမ်းကြောင်းများ၌ လှုပ်ရှားသွားလာရုန်းကန်ပြီး ထိုအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူထား ရိက္ခာအထောက်အပံ့များမှ ရှာဖွေရယူ၍ စားသုံးကြလော့။ (အစဉ်အမြဲ နှလုံးသွင်းသင့်သည်မှာ သင်တို့အားလုံးသည် ရှင်ပြန်ထစေ၍) ထိုအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ဆုံစည်းစေခြင်းခံကြရမည်သူများပင် ဖြစ်ကြ၏။