Back to Languages

Burmese - Chapter 67 - Al-Mulk

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Mulk 67:19

သူတို့သည် သူတို့ထက်ဝယ် အတောင်ပျံများကို တဖျပ်ဖျပ်ရိုက်ခတ်လျက် စီတန်း၍ သွားလာလှုပ်ရှားနေသော ငှက်တိရစ္ဆာန်တို့အား မတွေ့မြင် မဆင်ခြင် မသုံးသပ်ကြလေသလော။ (ယင်းငှက်တို့ ထိုသို့ ပျံသန်း လှုပ်ရှားနိုင်ခြင်းသည်) အားလုံးအပေါ် အစဥ်အမြဲ ကရုဏာထားတော်မူသော မဟာကရုဏာတော်ရှင် (၏နိယာမတော်) မှအပ (အခြားမည်သည့်အရာကမျှ) ထိန်းသိမ်းထားလျက် ရပ်တည်စေတော်မူသည် မဟုတ်ပေ။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။