Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 67 - Al-Mulk
Translation by Alin U Yin — Permalink
Verse 3 — Surah Al-Mulk 67:3
ထိုအရှင်မြတ်သည် မိုးကောင်းကင်ခုနစ်ထပ် (ခုနှစ်ဆက်) အား (တစ်ခုနှင့်တစ်ခု ပကတိသဟဇာတ ဖြစ်အောင် ဖွဲ့စည်းစေတော်မူ၍ လည်ပတ်စေတော်မူလျက်) အထပ်ထပ်အဆင့်ဆင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ အလုံးအပေါ် အစဥ်ကရုဏာထားတော်မူသော အနန္တကရုဏာတော်ရှင်၏ဖွဲ့စည်းဖြစ်တည်စေမှု၌ မည်သည့် အပြစ်အနာအဆာ (ပျော့ကွက်ဟာကွက်နှင့်မလိုက်ဖက်မှု) မျှ ရှိကြောင်းကို အသင်သည် အလျှင်း တွေ့ရမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် မည်သည့် ချွတ်ယွင်းချက်၊ အားနည်းချက်နှင့်ပျောကွက်၊ ဟာကွက်မျှ ရှိနိုင်သနည်းဟူသော စူးစမ်းလိုစိတ်နှင့်ရှုထောင့်အမြင်စုံဖြင့် အကြိမ်ကြိမ် အဖန်ဖန် ရှုမြင်သုံးသပ်ကြည့်လော့။