Back to Languages

Burmese - Chapter 67 - Al-Mulk

Translation by Alin U Yin — Permalink

Verse 9 — Surah Al-Mulk 67:9

(ထိုစဉ်) သူတို့က “အဘယ်ကြောင့် မရောက်ခဲ့ရမည်နည်း၊ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ ဧကန်မုချ၊ ရောက်လာခဲ့ကြပြီ ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသည့် မည်သည့်အရာ (အမိန့်တော်ဆိုင်ရာအချက်အလက်) ကိုပင်ဖြစ်စေ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြလျက် (ထိုသတိပေးနှိုးဆော်သူအား) “အသင်သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရောက်နေခြင်းမှအပ အခြားမဟုတ်ပေ။” (ဟု ပြစ်တင်ခဲ့ကြကြောင်း)” ဖြေကြားကြပေမည်။