Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 68 - Al-Qalam
Translation by Alin U Yin — Permalink
Verse 48 — Surah Al-Qalam 68:48
သို့ဖြစ်ပေရာ အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ (သင့်လူမျိုး တို့၏အာခံဖီဆန်မှုကြောင့် ဆို့နင့်သည်အထိ) စိတ်ဒုက္ခဝေဒနာကို ကျိတ်မိတ်ခံစားလျက် (အရှင်မြတ်အား) အော်ဟစ်၍ ဆုတောင်းခဲ့သော ငါး၏အပေါင်းအဖော်ဖြစ်ခဲ့သူ (တမန်တော်ယူနူးစ်) ကဲ့သို့မဖြစ်ဘဲ (ရင်ဆိုင်ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။