Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 74 - Al-Muddaththir
Translation by Alin U Yin — Permalink
Verse 31 — Surah Al-Muddaththir 74:31
စင်စစ်သော်ကား ငါအရှင်မြတ်သည် မလာအီကာကောင်းကင်စေတမန်များကိုသာလျှင် ငရဲစောင့်များ အဖြစ် ခန့်အပ်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းအစောင့်အကြပ်တို့၏အရေအတွက်ကို မယုံ ကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက် စမ်းသပ်မှုတစ်ခုအဖြစ်လည်းကောင်း၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံရသူတို့အတွက် (သူတို့၏ပြက်ရယ်ပြု လှောင်ပြောင်ခြင်းနှင့်ရန်လိုမုန်တီးခြင်းကို ရင်ဆိုင်ပါလျက် အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသမျှအား ဟောပြောရှင်းလင်းတင်ပြရန် ဝန်မလေးသော တမန်တော်မုဟမ္မဒ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်ဖြစ်ကြောင်းကို အသေအချာ သိနားလည်စေတော်မူရန်လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၌ (သူတို့၏) ယုံကြည်မှု သဒ္ဓါတရား ပိုမို၍ တိုးပွားမြင့်မားစေတော်မူရန်လည်းကောင်၊း စီမံဖြစ်စေတော်မူခြင်း ဖြစ်၏။ သို့ဖြစ်ပေရာ၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံ ရသူတို့နှင့်သက်ဝင်ယုံကြည်သူတို့သည် (ယင်း၌) ဒွိဟသံသယဖြစ်စရာအကြောင်း မရှိနိုင်ပေ။ သို့ရာတွင် နှလုံးသား၌ (ယုံကြည်မှုသစ္စာတရားဆိုင်ရာ) ရောဂါဝေဒနာရှိနေသူများ၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များကမူ “အလ္လာဟ်အရှင်မြတ်သည် ဤဥပမာကို ထုတ်ဖော်တော်မူခြင်းဖြင့် မည်သည်ကို ရည်ရွယ် (ဆိုလို) တော်မူသနည်း၊” ဟု မေးမြန်းကြ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းလွှဲစေတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့် အညီ အလိုရှိတော်မူသောသူအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံသောဝါဒလမ်းစဉ်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (အင်အား) စစ်သည်တော်များအကြောင်းကို ထိုအရှင် မြတ်မှအပ (အခြား) မည်သူမျှပင် သိနိုင်မည် မဟုတ်ပေ။ အမှန်သော်ကား ယင်း (ကျမ်းတော်) သည် (သေမျိုးဖြစ်သော) လူသားတို့အတွက် (ဆုံးမသြဝါဒ နှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာသာလျှင် ဖြစ်၏။