Back to Languages

Burmese - Chapter 76 - Al-Insan

Translation by Alin U Yin — Permalink

Verse 2 — Surah Al-Insan 76:2

ဧကန်စင်စစ်၊ ငါအရှင်မြတ်သည် လူသားအား စမ်းသပ်လိုတော်မူသောအားဖြင့် ရောနှောပေါင်းစပ်သော ကလလရေကြည်ဖြင့် (အဆင့်ဆင့် ပြောင်းလဲဖွံ့ဖြိုးစေတော်မူလျက်) ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ သို့ဖြစ် ပေရာ ငါအရှင်မြတ်သည် လူသားအား (အခြားသက်ရှိများထက် အရှင့်အမိန့်တော်များ၊ သက်သေလက္ခဏာတော်များနှင့်စည်းမျဉ်းနိယာမတော်များကို နားလည်နိုင်ရန် ထူးခြားသော) အကြားအာရုံနှင့်အမြင်အာရုံကိုလည်း စီမံဖြစ်စေတော်မူ၏။