Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 78 - An-Naba
Translation by Alin U Yin — Permalink
Verse 40 — Surah An-Naba 78:40
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား လက်တစ်ကမ်း အနီးကပ်ရှိ (နေ၍ မကြာမီ ဆိုက်ရောက်လာ) မည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူ၏။ ထိုနေ့တွင် လူတိုင်းသည် (လောကီဘဝ၌) သူတို့ ၏လက်များဖြင့် (သူတို့ကိုယ်တိုင် ပြုမူကျင့်ကြံလျက် တမလွန်ဘဝ၌ အစစ်ဆေးခံစေရန်) ကြိုတင်ပို့နှင့်ထားသည်ကို (မျက်မြင်ကိုယ်တွေ့) တွေ့မြင်ကြပေမည်။ သို့ရာတွင် (ထိုနေ့၌) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့က ''အို၊ ကျွန်ုပ်တို့သည် (ယခု ဒုက္ခကြီးနှင့်ရင်ဆိုင်နေရပြီ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ခြင်းအတွက် တာဝန်ရှိခြင်းထက်) မြေမှုန့်အထိ ဖြစ်ခွင့်ရနိုင်ခဲ့လျှင်၊ ကောင်းလေစွ။” ဟု ညည်း ညူပြောဆိုကြလိမ့်မည်။