Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 1 — Surah Al-Anfal 8:1

(ယုံကြည်) သူတို့က အသင် (တမန်တော်) အား စစ်ပွဲရ (အပို) ပစ္စည်းများနှင့်စပ်လျဉ်း၍ မေးမြန်းနေကြ၏။ (မည်သည့်လောကီအကျိုးအမြတ်အတွက်မျှမဟုတ်ဘဲ အရှင့်စည်းမျဉ်းတော်နှင့်အညီ အရှင့်ကျေနပ်နှစ်မြို့မှုအတွက်သာလျှင် စစ်တိုက်ခွင့်ရှိသဖြင့် စစ်ပွဲမှရသော ပစ္စည်းကိုလည်း အာန်ဖာလ်ခေါ်အပိုပစ္စည်းဟု အမည်ပေးတော်မူပြီး) ထိုစစ်ပွဲရပစ္စည်းများသည် (အရှင့်အမိန့်တော်၊ တမန်တော်မြတ်၏လမ်းစဉ်နှင့်အညီ ခွဲဝေပေးရသော) အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြောင်း ဖြေကြားဟောကြားလော့။ သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြပြီး (ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့်) သင်တို့အချင်းချင်းကြားတွင် သဘောထား မကွဲလွဲစေဘဲ ပြုပြင်ပြောင်းလဲမှုပြုလုပ်ကြလော့။ ထို့ပြင် အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အလ္လဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို နာခံလိုက်နာကြလော့။