Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 10 — Surah Al-Anfal 8:10

အလ္လာဟ်အရှင်မြတ်သည် (အောင်မြင်မှုရမည် ဆဲဆဲဖြစ်ကြောင်း) ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ကိုသာ ဖြစ်စေတော်မူသည်မဟုတ်ဘဲ သင်တို့၏စိတ်နှလုံးများကိုလည်း ထို (သတင်းကောင်း) ဖြင့် တည်ငြိမ်အေး ချမ်းစေတော်မူခဲ့၏။ အမှန်မှာ အောင်မြင်မှုဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ရှိတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် (စီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။