Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 11 — Surah Al-Anfal 8:11

(သင်တို့၌ ရဲစွမ်းသတ္တိ အလွန် လိုအပ်နေသည့်အချိန်တွင်) ထိုအရှင်မြတ်ထံတော်မှ သင်တို့အပေါ် ပူပင်သောက ဖြေဖျောက်၍ စိတ်ချလုံခြုံမှု ရှိစေရန်အလို့ငှာ အိပ်မောကျခြင်းဖြင့် ဖုံးလွှမ်းစေတော်မူခဲ့၏။ ထို့ ပြင် ကောင်းကင်ယံမှ သွန်ချသည့်ရေဖြင့် သင်တို့အား သန့်ရှင်းစင်ကြယ်စေတော်မူရန်၊ စေတန်မကောင်းဆိုးဝါး၏ (လှုံ့ဆော်မှုဖြစ်သည့်) ယုတ်ညံ့သော အကြံဉာဏ်ဆိုးများကို သင်တို့ထံမှ ဖယ်ရှားစေတော်မူရန်၊ သင်တို့၏စိတ်နှလုံးများ၌ စိတ်ခွန်အားတက်ကြွစေတော်မူရန်နှင့်သင်တို့၏မြေးများ (နှင့်ရပ်တည်ချက်များ) ကို ခိုင်မြဲစေတော်မူရန်အတွက် မိုးရေကို ရွာသွန်းစေတော်မူခဲ့၏။