Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Anfal 8:12

(တစ်ချိန်တည်းမှာ) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က မလာအီကာစေတမန်များထံသို့ “ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် ယုံကြည်သူများအား ကြံ့ခိုင်တည်မြဲစေကြလော့။ မကြာမီပင် ငါအရှင်မြတ်သည် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့၏စိတ်နှလုံးများ၌ ကြောက်ရွံ့ထိတ်လန့်မှုများ ထည့် သွင်းစေတော်မူမည်။ သို့ဖြစ် ရာ၊ သူတို့ထဲမှ ဦးဆောင်မှုနေရာယူထားသည့် တပ်ဖွဲ့ (ခေါင်းများ) နှင့်အခြေခံတပ်ဖွဲ့အားလုံးကို တိုက်ခိုက်ဖြတ် တောက်ကြလော့။” ဟု ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချတော်မူခဲ့၏။ (ဗဒရ်စစ်ပွဲတွင် မယုံကြည်သူ မက္ကာသားခေါင်းဆောင်များအနက် အဘူဆုဖ်ယန်တစ်ဦးတည်းသာ အသတ်မခံရဘဲ ကျန်ရစ်ခဲ့၏။)