Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Anfal 8:13

ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို (အရှင့်အမိန့်တော် များနှင့်ဆန့်ကျင်၍) အာခံဖီဆန်သောကြောင့် ဖြစ်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့ကို အာခံဖီဆန်ကြလျှင် (လူတိုင်းသိသင့်သည်မှာ) မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ဒဏ်ခတ်အရေးယူတော်မူသော အရှင်ဖြစ်တော်မူ၏။