Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 16 — Surah Al-Anfal 8:16
မည်သူမဆို စစ်ရေးနည်းဗျူဟာအရ (အကွက်ဆင်ရန်) သို့မဟုတ် အခြားတပ်ဖွဲ့ဆီသို့ စစ်ကူအဖြစ် ပူးပေါင်းရန် ရည်ရွယ်ခြင်းမှအပ ရန်သူကို ကျောခိုင်း၍ ရှောင်ပြေးကြလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပြစ်တင်ရှုတ်ချမှု (အမျက်တော်) ကို မုချပင် ခံရမည်ဖြစ်ပြီး (အရှင့်မေတ္တာ၊ ကရုဏာတော်မှ ကင်းဝေးရမည်) ဖြစ်၏။ ထို့ပြင် သူ၏နောက်ဆုံးခိုလှုံစခန်း (ပန်းတိုင်) မှာ ငရဲဘုံပင် ဖြစ်၏။ စင်စစ်မူကား ထိုရည်မှန်းချက်ပန်းတိုင်သည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှပေ၏။