Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Anfal 8:17

ထို့ပြင် (အို၊ ယုံကြည်သူတို့၊ စစ်ပွဲတွင် သင်တို့၏အစွမ်းအစဖြင့်) သင်တို့က သူတို့ကို သတ်ခဲ့ကြခြင်း မဟုတ်ပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သာလျှင် သူတို့ကို သတ်ခဲ့တော်မူခဲ့၏။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ စစ်ပွဲအစတွင် သဲဖြင့်ပစ်ပက်ခဲ့စဉ်လည်း) အသင်က ပစ်ပေါက်ခြင်းမဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်သာ ပစ်ခတ်စေတော်မူခဲ့၏။ (ထိုအရာအားလုံးကို အရှင့်ဆန္ဒတော်နှင့်အညီ လုပ်စေတော်မူခြင်း ဖြစ်၏။) အရှင်မြတ်၏ထံတော်မှ သက်ဝင်ယုံကြည်သူတို့အား (သူတို့၏အဓိက ပန်းတိုင်ဖြစ်သော အရှင့်ကျေနပ်နှစ်မြို့မှုနှင့်အောင်မြင်မှုဟူသမျှသည် အရှင့်ထံတော်မှ ဖြစ်ကြောင်းကို သိနားလည်နိုင်အောင်) စမ်းသပ်တော်မူရန်အလို့ငှာ (မျှတ ကောင်းမွန်ပြီး အကျိုးရှိသော စမ်းသပ်မှုတစ်ခုဖြင့်) စမ်းသပ်တော်မူခြင်း ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် (သက်ရှိအားလုံး၏ဆုတောင်းသံများကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းနှင့်စပ်လျဉ်း၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။