Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Anfal 8:19

(အို၊ ယုံကြည်သူတို့) အကယ်၍ သင်တို့သည် အောင်မြင်မှုပေါ်အခြေခံ၍ (မည်သူက လမ်းစဉ်မှန်၌ ရှိ ကြောင်းကို အဆုံးအဖြတ်ပေးနိုင်ရန်အတွက်) အောင်မြင်မှုကို လိုလားတောင်းဆိုကြလျှင် အောင်မြင်မှုသည် သင်တို့ထံ မုချပင် ဆိုက်ရောက်ခဲ့ပြီ (ဟု မှတ်ယူကြလော့)။ ထို့ပြင် (အို၊ မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့) အကယ်၍ သင်တို့သည် (ယုံကြည်သူတို့အား ရန်လိုမုန်းတီးစိတ်ဖြင့် စစ်မက်ပြုခြင်းကို) ရပ်စဲကြလျှင် ယင်းသည် သင်တို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့သော် အကယ်၍ သင်တို့သည် (ရန်လိုမှုနှင့်စစ်မက်ပြုခြင်းကို ထပ်မံကျူးလွန်လျက်) ဒုံးရင်းအခြေအနေပြန်ဆိုက်လျှင် ငါအရှင်မြတ်လည်း (ဗဒရ်စစ်ပွဲ၌ ဖြစ်စေတော်မူခဲ့သည့်အခြေအနေကို) ပြန်လည်ဆိုက်ရောက်စေတော်မူလိမ့်မည်။ ထိုစဉ် အကယ်၍ သင်တို့အုပ်စု၏ အင်အားသည် အရေအတွက်အားဖြင့် မည်မျှပင် များပြားပြည့်စုံသည်ဖြစ်စေ (ယင်းအင်အားသည်) သင်တို့အတွက် မည်သည့်အခါမျှ မည်သည့်နည်းနှင့်မျှ အသုံးဝင်လိမ့်မည် မဟုတ်ပေ။ (အချည်းနှီးသာဖြစ်လိမ့်မည်။) ထို့ပြင် (လူတိုင်းသိသင့်သည်မှာ) အလ္လာဟ်အရှင်မြတ်သည် စစ်မှန်သော ယုံကြည်သူတို့နှင့်အတူ ရှိတော်မူ၏။