Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Anfal 8:25

ထို့ပြင် (ကပ်ဘေး၊ ပြစ်ဒဏ်၊ ဆင်းရဲဒုက္ခစသော) အရှင့်စမ်းသပ်မှုတစ်စုံတစ်ခု ဆိုက်ရောက်စေတော်မူသည့်အခါ စည်းမျဉ်းတော်များကို ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်လုပ်သူများကိုသာ သီးသန့်ရွေး ချယ်၍ (ဆိုး ကျိုးဆက်) သက်ရောက်စေခြင်း (မဟုတ်ဘဲ အားလုံးအပေါ် အကျိုးသက်ရောက်မည် ဖြစ်ကြောင်းကို) စိုးရွံ့ ထိတ်လန့် (လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ ထိုမျှမက အလ္လာဟ်အရှင်မြတ်သည် ဧကန်မုချ၊ ယတိပြတ်ဒဏ်ခတ်အရေးယူ တန်ပြန်စေတော်မူသည်ကို နှလုံးသွင်း သိမှတ်ကြလော့။