Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Anfal 8:26

သင်တို့သည် မြေကမ္ဘာ၌ အင်အားချိနဲ့သော လူနည်းစုဖြစ်ခဲ့လျက် (ဩဇာအာဏာနှင့်အင်အားရှိသော) လူတို့က သင်တို့အား အလစ်သုတ် လုယက်တိုက်ခိုက်၍ သုတ်သင်ကြမည်ကို စိုးရိမ်ကြောက်ရွံ့နေခဲ့စဉ် ငါအရှင်မြတ်သည် သင်တို့ကျေးဇူးသိတတ်ကြရန်အလို့ငှာ သင်တို့အား (လုံခြုံသော) ခိုလှုံမှုပေးတော်မူပြီး ကူညီစောင်မမှု များဖြင့် အင်အားဖြည့်စေတော်မူရုံသာမက သန့်ရှင်းစင်ကြယ်သော ရိက္ခာနှင့်လိုအပ် ချက်များကိုလည်း ချီးမြှင့်ပေးအပ်တော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။