Back to Languages

Burmese - Chapter 8 - Al-Anfal

Translation by Alin U Yin — Permalink

Verse 27 — Surah Al-Anfal 8:27

အို၊ ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့အား (အရှင့်အမိန့်ပညတ်ချက် များနှင့်တမန်တော်မြတ်၏လမ်းစဉ်ကို ဖီဆန်ခြင်းဖြင့်) သစ္စာမဖောက်ကြလေနှင့်။ ထို့ပြင် သင်တို့ထံ ယုံကြည်စွာ အပ်နှံထားသည့်အရာ (ဖြစ်သော အရှင့်စည်းမျဉ်းတော်များ၊ ကိုယ်စိတ်နှလုံး၊ ဥစ္စာဓန) များကို (အရှင်မြတ်ထံ တော်မှ ဖြစ်ကြောင်းကို) သိနားလည်ပါလျက် အလွဲသုံးစားခြင်းဖြင့် သစ္စာမမဲ့ ကြလေနှင့်။