Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 8 - Al-Anfal
Translation by Alin U Yin — Permalink
Verse 29 — Surah Al-Anfal 8:29
အို၊ ယုံကြည်သူအပေါင်းတို့၊ အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြ) လျှင် သင်တို့အတွက် (ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် သင်တို့၏စိတ်နှလုံး၌) အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့်စံချိန် မှတ်ကျောက်တစ်မျိုးကို ဖြစ်ပေါ်စေတော်မူလိမ့်မည်။ ထို့ပြင် သင်တို့ထံမှ မကောင်းမှုဒုစရိုက်ဆိုင်ရာ ပြုမူကျင့်ကြံမှုများကို ဖုံးကွယ်ဖယ်ရှားစေတော်မူပြီး (သင်တို့၏ချွတ်ချော်မှားယွင်းမှုများကို) သင်တို့အတွက် လွတ်ငြိမ်းခွင့် ဖြစ်စေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့အပေါ် မေတ္တာထားတော်မူရန်အလို့ငှာ) အလွန်ကြီးကျယ်သော ရက်ရောမှုနှင့်ကျေးဇူးတော်ကို ပိုင်ဆိုင်ထားတော်မူသော အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူကြောင်း နှလုံးသွင်းမှတ်ယူကြလော့။